ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီအားBullet ဂျာနယ်သတင်းထောက်က လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်းကိစ္စအပေါ် တွေ့ဆုံမေးမြန်း
မေး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့ တုန်းက နိုင်ငံတော်သမ္မတရုံးက နေပြီးတော့ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေး ကော်မရှင်ဖွဲ့စည်းခြင်းနဲ့ ပတ်သက် ပြီး အဘရဲ့သဘောထားကို သိချင်ပါ တယ်။
ဖြေ။ ဒီဇူလိုင်လ၃ဝရက်နေ့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ချက် ၈/၂ဝ၁၈ နဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့ထားတာကို ကြားလိုက်ပါတယ်။
ပထမအချက်ကတော့ ဒီကော်မရှင် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က ပြောလို့မရတော့ဘူးလေ။ ပြီး သွားပြီ။ လက်လွန်သွားပြီ။ ဒီအဖွဲ့ စပြီး ဖွဲ့မယ်ဆိုကတည်းကရော ဒီအဖွဲ့မတိုင်ခင် အရင်အဖွဲ့တွေ ဖွဲ့တုန်းကလည်းပဲ နိုင်ငံ ခြားသားတွေ ဦးစီးဦးဆောင် လုပ်ပြီး တော့ ဖွဲ့တဲ့အဖွဲ့အစည်းတွေပေါ်မှာ သူတို့ တွေဟာ ဘာသာရပ်ကျွမ်းကျင်ရင် ကျွမ်း ကျင်လိမ့်မယ်။သို့သော်လည်းပဲ ဒီပြဿနာ ရဲ့ Route Couse တွေကို ကျကျနန မသိနိုင်ဘူး။ ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသား၊ ဒေသခံတိုင်းရင်းသား တွေရဲ့ ခံစားချက်တွေကို မသိနိုင်ဘူး။ ဒါကြောင့် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ ရှိနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့က နိုင်ငံခြားသားဦးဆောင်တဲ့ အဖွဲ့တွေ ဖွဲ့စည်းခြင်းကို ကန့်ကွက်ခဲ့တာပါ။ နိုင်ငံ ရေးပါတီတွေကလည်း ကန့်ကွက်တယ်။ ဒေသခံပြည်သူတွေကလည်း ကန့်ကွက် တယ်။ ဒေသခံနိုင်ငံရေးပါတီတွေက လည်း ကန့်ကွက်တယ်။ပြည်သူပြည်သား အများစုကလည်း ကန့်ကွက်တာရှိပါ တယ်။ သို့သော်လည်းပဲ နိုင်ငံတော်အစိုးရ က ဖွဲ့လိုက်တယ်ဆိုတော့ ဖွဲ့ပြီးသွားတဲ့ အဖွဲ့ပေါ်မှာတော့ ဘာမှ ပြောလို့မရတော့ ဘူး။ ပြောလည်း မပြောတော့ပါဘူး။
ဒုတိယအချက်ကတော့ အခုဖွဲ့ပြီးတဲ့ အဖွဲ့ရဲ့(Mandate)လုပ်ဆောင်ရမယ့် လုပ် ပိုင်ခွင့်ကို ကျွန်တော်တို့ကျကျနန သိဖို့လို ပါတယ်။ သိချင်ပါတယ်။ ဒါကို နိုင်ငံ တော်အစိုးရဘက်က ရှင်းရှင်းလင်းလင်း ပြောပြဖို့လိုတယ်လို့ ကျွန်တော်မြင်ပါ တယ်။ ကျွန်တော်တို့က ဒါတွေ မသိရ တော့ ထုတ်ပြန်ချက်ကိုပဲ ဖတ်ရတာပေါ့။ ဖတ်တော့ ကျွန်တော်မှတ်မိသလောက် ”အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ပြန် လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်ဖို့အတွက် ဒီအဖွဲ့ကိုဖွဲ့တယ်လို့ ပြော တယ်” ဒီလိုဆိုရင်တော့ ဒီအဖွဲ့သည် ဒီရည်မှန်းချက်တာဝန်သုံးရပ်ကို ဖော် ဆောင်နိုင်တဲ့အဖွဲ့လို့ ယူဆရမယ်ပေါ့။ နောက်တစ်ဖက်မှာလည်း ”ဒီအဖွဲ့ဟာ ARSAအဖွဲ့ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စွပ်စွဲချက်နဲ့ဆက်နွှယ်နေတဲ့ ဖြစ်စဉ်ဖြစ် ရပ်တွေကို ဖော်ထုတ်ဖို့လို့ပြောတယ်။” ဒီတော့ ARSA တိုက်ခိုက်မှုနောက်ပိုင်းမှာ ဖြစ်နေတဲ့ဖြစ်ရပ်ကို စစ်မယ်ဆိုတော့ ARSA တိုက်ခိုက်မှု နောက်ပိုင်းမှာ နိုင်ငံတော်လုံခြုံရေးအင်အားစုတွေက (Clearence Operation)နယ်မြေရှင်း လင်းရေးလုပ်တဲ့ကိစ္စတစ်ရပ်တည်းကိုပဲ ကွက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုတဲ့သဘော ဖြစ်တယ်။ ဒီစာအရ ဒီလိုအဓိပ္ပာယ်သက် ရောက်နေတယ်။ ဒါဆိုရင် ဒီဖြစ်စဉ်ကြီး တစ်ခုလုံးမှာ ARSA အကြမ်းဖက်လုပ် ငန်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဥပမာ ၂ဝ၁၆ အောက်တိုဘာ ၉ ရက်နေ့မှာဖြစ်တယ်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်စဉ်ဖြစ်တယ်။ အဲဒီတိုက်ပွဲကာလတုန်း က အခြေအနေတွေရော မစစ်ဆေးတော့ ဘူးလား။ ဒီမတိုင်ခင်က ဒီလိုဖြစ်စဉ်တွေ ကို ဖြစ်စေတတ်တဲ့ နောက်ကြောင်းရင်းခံ အချက်အလက်တွေ(Route Couse) တွေ ရှိတယ်။ ဒါတွေရော မကြည့်တော့ဘူး လား။ ဘာဖြစ်လို့ ဘင်္ဂါလီနဲ့ ဒေသခံတွေ ရဲ့ ပဋိပက္ခက ဒီနယ်မြေမှာဖြစ်ရတာလဲ၊ ဘင်္ဂါလီတွေက ဘာတွေတောင်းဆိုတာ လဲ၊ ကျွန်တော်တို့က ဘာတွေကိုလက်မခံ နိုင်တာလဲ၊ ရိုဟင်ဂျာအမည်ကို ဘာဖြစ် လို့ သူတို့တောင်းဆိုနေသလဲ၊ ကျွန်တော် တို့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဘာလို့ကန့်ကွက်နေသလဲ နောက်ကြောင်း သမိုင်းတွေ အများကြီးရှိပါတယ်။ မြန်မာ နိုင်ငံမှာ သူတို့လိုပဲ ကျန်တဲ့နိုင်ငံခြားသား တွေ အများကြီး ရှိပါတယ်။ သူတို့နဲ့ ပြဿနာမဖြစ်ဘဲနဲ့ ဒီအဖွဲ့နဲ့ကျမှ ဘာ ကြောင့် ပြဿနာဖြစ်ရတယ်ဆိုတာကို ကြည့်ပြီး ဒီအဖွဲ့မှာ ထူးခြားတဲ့ရည်ရွယ် ချက်တွေ၊ မျှော်မှန်းချက်တွေ ရှိနေမယ် ဆိုတာကျိန်းသေမှန်းဆနိုင်ပါတယ်။ အဲဒါ တွေကို ခြေခြေမြစ်မြစ် အကုန်စစ်တော့မှ နိုင်ငံတော်အစိုးရလိုချင်တယ်ဆိုတဲ့ ပြန် လည်သင့်မြတ်ရေးတို့၊ တည်ငြိမ်အေး ချမ်းရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ဆို တာတွေကို အမြန်ရပြီး အကောင်အထည် ဖော်လို့ရမှာပေါ့။ ဒါကိုမဟုတ်ဘဲနဲ့ ဒီ ပြဿနာသုံးရပ်၊အဆင့်သုံးဆင့်မှာ အပိုင်း တစ်ခုတည်းကိုပဲ စစ်မယ်ဆိုရင် မတရား ဘူးလေဗျာ။ ဒါကျွန်တော်ပြောရင်းနဲ့ ပုံပြင် တစ်ခုကိုသွားသတိရတယ်။ ‘အစွယ်လိုသူ မင်းမိဖုရား၊ စေခိုင်းသူမင်းဧကရာဇ် လေး ပစ်သူဘုရားကျွန်တော် ကြံဖော်ကြံဖက် သုံးဦးအနက် ငမိုက်သားကျွန်တော် နင်ချည်းသာသေပေတော့’ ဆိုတဲ့ဟာလို ဒီပြဿနာမှာ အစိုးရရယ်၊ အကြမ်းဖက် တဲ့ပုဂ္ဂိုလ်ရယ်၊ အစိုးရရဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတဲ့ လုံခြုံရေးအင်အားစုတွေ ရယ် ဒီသုံးခုမှာ လုံခြုံရေးတစ်ခုပဲရွေးပြီး တော့ စစ်ဆေးအရေးယူသလို ဖြစ်နေ တယ်။ ဒါကျတော့ လုံးဝမမှန်ဘူး။ ဒီဖြစ် စဉ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အလေးထားတုံ့ပြန်တဲ့ အချက်တစ်ချက် သာဖြစ်တယ်လို့ မြင်တယ်။ ပြဿနာ တစ်ခုလုံးကို ပြေလည်အောင်ဖြေရှင်းနိုင် တဲ့ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်မဟုတ် ဘူးလို့ ကျွန်တော်ထင်တယ်။ တစ်ပိုင်းပဲ ဖြေရှင်းနိုင်မယ်။ အဲဒီတစ်ပိုင်းရဲ့ တစ်စိတ် လောက်ကိုပဲ ဖြေရှင်းနိုင်တဲ့ ဖွဲ့စည်းမှုမျိုး လို့ ကျွန်တော် ဒီလိုသုံးသပ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ သဘောမတူ ဘူး၊ မကြိုက်ဘူးဗျာ။
မေး။ အခုနဖြေသွားတဲ့အပေါ်မှာ ထပ်ပြီးတော့ ဘာများပြောချင်သလဲ ခင်ဗျာ။
ဖြေ။ ခုနကတော့ စုံစုံလင်လင်ပြောပြီးပြီလေ။ ဖွဲ့တာတော့ ပြီးသွား ပြီ။ မတတ်နိုင်တော့ဘူးဗျာ။ ဒီအဖွဲ့ရဲ့ (Mandate) လုပ်ကိုင်မှုကိုပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေ၊ ကျွန် တော်တို့တွေ တိတိကျကျ နားလည်ချင် တယ်။ ဒါကို နိုင်ငံတော်ပိုင်းကနေပြီး တော့ ရှင်းပြပေးဖို့လိုတယ်။ ရှင်းပြဖို့ တာဝန်ရှိတယ်လို့လည်း ကျွန်တော်တို့ မြင်ပါတယ်။ ကျန်တာ မရှိပါဘူး။
ပေါ်ဦး