ချဲလ်ဆီးကစားသမား(၂)ဦးကို ပေါင်းသန်း(၁၀၀)နဲ့ ကမ်းလှမ်းမယ့် ရီးရဲလ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ၀ီလျံကိုအလိုရှိတဲ့ အသင်းတွေထဲမှာ ပါဝင်လာပြီး ၀ီလျံနဲ့ ဂိုးသမား ကော်တွိုက်စ်တို့ နှစ်ဦးအတွက် ပေါင်သန်း ၁၀၀ နဲ့ဈေးဖွင့်ပြီး ကမ်းလှမ်းလိုက်တယ်လို့ စပိန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ကော်တွိုက်စ်ရဲ့ကလေးတွေဟာ စပိန်မှာဘဲနေ နေတဲ့အတွက် သူကလည်း စပိန်ကို ပြန်သွားလိုတဲ့ ဆန္ဒ ရှိနေတာပါ။ ဒါကြောင့်လည်း စာချုပ်သက်တမ်းတိုးဖို့ ကလပ်ဘက်က ကမ်းလှမ်းတာကို လက်မခံသေးတာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ပါသေးတယ်။
ဝီလျံဟာလည်း အသင်းကနေ ထွက်ဖို့ရှိနေပြီး ဘာစီလိုနာကို ရောက်ဖို့နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ကို ရီးရဲလ်က ခေါ်ဖို့ စိတ်ဝင်စားလာပြီး ၂ ယောက်ပေါင်း ပေါင်သန်း ၁၀၀ နဲ့ ရီးရဲလ်က ဈေးဖွင့်လိုက်လို့ ချဲလ်ဆီး ဘက်ကလည်း စိတ်ဝင်စားပြီး လက်သင့်ခံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
90Minutes