ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းမှုသက်မွေးသင်တန်း ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ အမျိုးသမီးရေးရာအိမ်တွင်းသက်မွေးမှုပညာသင်တန်းကို ဇူလိုင်လ (၆) ရက်နံနက် (၁၀:၁၅) အချိန်က တိုင်းပြည်ခိုင်ဖြိုးပါတီ စည်းဝေးခန်းမတွင် ကျင်းပကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့တိုင်းပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ တိုင်းပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းခရိုင်မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များသင်တန်းသူ (၁၂၅) ဦး တက်ရောက်ကြသည်။
အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ယနေ့ပြည်ခိုင်ဖြိုးအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စု မပြိုကွဲရေးကို အဓိကထား ဆောင်ရွက်လျှက်ရှိကြောင်း ယနေ့မြန်မာနိုင်ငံ အနောက်ဖက်ဒေသအခြေအနေသည် အလွန်စိုးရိမ်စရာအခြေအနေတွင် ရောက်ရှိနေကြောင်း၊ ယင်းအခြေအနေများကို အမျိုးသမီးများလည်း သိရှိရန်လိုအပ်ပြီး အမျိုးသားများနည်းတူ ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် ဝိုင်းဝန်းတားဆီးဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ အမျိုးသမီးထုအင်အာ တိုးတက်ရရှိရန်ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ သင်တန်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)