ဂျပန်၏ ကမ္ဘာ့ဖလားပွဲစဉ်များရလဒ်ကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သည့် ရေဘဝဲသတ်ဖြတ်ရောင်းစားခံရ

ပိုင်ရှင်က သတ်ဖြတ်ကာ ဆူရှီအဖြစ်စားသုံး ရန် ရောင်းချခဲ့သည်။

ရာဘီယိုဟု အမည်ပေးထားသော ယင်းရေဘဝဲသည် မှန်ကန်သော ကြိုတင်ဟောကိန်းများနှင့်အတူ အနာဂတ်ကို ကြိုသိကြောင်း ချီးကျူးခံခဲ့ရသည်။

သို့သော် ယင်းရေဘဝဲကို ဖမ်းဆီးရမိသည့် ငါးဖမ်းသမား ကီမီယိုအာဘေးက ၎င်းကိုယင်း သို့ အသုံးပြုခြင်းထက် အစားအ စာအဖြစ် ရောင်းချပါက ငွေပိုရ မည်ဟု ခံစားရသဖြင့် သတ်ဖြတ် ရောင်းစားခြင်းဖြစ်သည်။

ပစိဖိတ်ရေဘဝဲ ရာဘီယို သည် ဂျပန်က ကိုလံဘီယာကို နိုင်သောပွဲနှင့် ဆီနီဂေါနှင့်သရေ ကျသောပွဲရလဒ်တို့ကို မှန်ကန်စွာ ခန့်မှန်းခဲ့ပြီး ၎င်းကိုမွေးထား သော ကန်ထဲတွင် သရေ၊ အနိုင် စသော နေရာများခွဲကာ ရွေးချယ် စေခြင်းဖြစ်သည်။

ရာဘီယို မရှိတော့သော်လည်း ငါးဖမ်းသမားကီမီယိုက အနာဂတ်ပွဲစဉ်များကို ခန့်မှန်းရန် နောက်ရေဘဝဲ တစ်ကောင် အသုံးပြုရေး စီစဉ်နေသည်။

၂၀၁၀ ကလည်း ပေါလ်ဟု အမည်ပေးထားသော ရေဘဝဲတစ်ကောင်သည် ကမ္ဘာ့ဖလား ခြောက်ပွဲကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။ ပေါလ်သည်  အသက် (၂) နှစ်အရွယ် ၂၀၁၂ တွင် ငြိမ်းချမ်းစွာ သေဆုံးခဲ့သည်။

—Ref:BBC