ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ
ငါန်းဇွန် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာ ကြီးကျေးရွာအုပ်စု ငါန်းမြာကြီး ကျေးရွာ အောင်သိဒ္ဓိရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးတုပ်နေအိမ် ၌ ယမန်နေ့နံနက် ၁ဝနာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူနှင့် ဦးတင့်လွင်ဦး၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်တင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင် နှင့်ပါတီကော်မတီဝင်များ၊ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတို့က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ကြပြီးနံ့သာရည်များ ပက်ဖျန်း ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသောပါတီဝင်များ နှင့်အတူပါတီဆိုင်းဘုတ်သစ်တင်ပွဲ အမှတ်တရဓာတ်ပုံများရိုက်ကြပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြ ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)