နိုင်ငံအနှံ့မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီ အလံသစ်လွှင့်တင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ထောင်စုနယ်မြေရုံးရှေ့၌ ယနေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ အလံသစ်ပြောင်းလဲလွှင့်တင်ခြင်း အခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံအနှံ့ မြို့နယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား တစ်ပြိုင်နက် လွှင့်တင်ခဲ့ သည်။
အဆိုပါ ပါတီအလံသစ်တင်ပွဲတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအလံအား အလေးပြုလွှင့်တင်ခြင်း ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေ လွင်၊ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော် ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော် မတီဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့် စုစုပေါင်း အင်အား ၄၅ဦးခန့်တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်အလံနှင့် ပါတီအလံတို့အား လွှင့်တင်အလေးပြု၍ပါတီသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ယနေ့နံနက် ၁ဝ နာရီ တွင် ပါတီအလံသစ်ပြောင်းလဲလွှင့်တင် ခြင်း အခမ်းအနားပြီးဆုံးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပါတီအလံသစ် အား ပါတီဌာနချုပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များ၊ ရပ်/ကျေးအုပ်စုများ၊ အခမ်းအနားအလံများ၊ စားပွဲတင် အလံများ၊ လက်ဝှေ့ယမ်းအလံများကို အလံအရွယ်အစားများ အလိုက်အသုံးပြုရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပါတီရုံးများသို့ ညွှန်ကြားထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ယခင်အသုံးပြုခဲ့ သည့်အလံမှာ အစိမ်းရောင်အောက်ခံ အနီရောင်လေးထောင့်ကွက် အတွင်း ကြယ်ဖြူတစ်လုံးဖြစ်ပြီး ယခုပြောင်းလဲအသုံးပြုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုသည့် အလံ၏ အစိမ်းရောင်အောက်ခံ အနီထောင့်ကွက်အတွင်း ကြယ်ဖြူ တစ်လုံးအား အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းသည့်သဘော ကို ပြသလိုခြင်း စသည့်အဓိပ္ပာယ်နှင့် ရွှေရောင်အနားကွပ်အား ထပ်မံဖြည့်စွက်ထားရှိကြောင်း သိရသည်။
ပါတီကိုယ်စားပြုသည့် အလံအသစ်ပြောင်းလဲအသုံးပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ကြေညာသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသောအထောက်အထားများ ဖြင့် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(ဃ)အရ အများသိစေရန် ကြေညာခဲ့ပြီး ကန့်ကွက် သူမရှိသည့်အတွက် ပါတီကိုကိုယ်စားပြုသည့် အလံအသစ်အား ယနေ့တစ်နိုင်ငံလုံး တစ်ပြိုင်နက် လွှင့်တင်ခဲ့ကြကြောင်း သိရ သည်။
အောင်အောင်(နေပြည်တော်)
အောင်မောင်း(ရာမညမြေ)