ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဆင်သေချောင်းရေကာတာတည်ဆောက်ရေး လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 

ယနေ့မနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည့် နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ ကြံတဲစုကျေးရွာ ဆင်သေချောင်းရေကာတာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါလုပ်အားပေးပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် နေပြည်တော်ကောင်စီပါတီဝင်လူငယ်များတက်ရောက် လုပ်အားပေးခဲ့ကြသည်။

ထို့နောက် ကြံတဲစုဘုန်းတော်ကြီးကျောင်းတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ အမှာစကားဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် ကြံတဲစုကျေးရွာမှ ရွာသားတစ်ဦးက ရေကာတာတည်ဆောက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဆင်သေချောင်းရေကာတာတည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်ခဲ့ရာ ကျေးရွာရပ်မိရဖတစ်ဦးမှလက်ခံရယူခဲ့သည်။

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်တို့မှ ကြံတဲစုဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့သည်။