မကွေးတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းပြည်ခိုင်ဖြိုးလူငယ်များ၏ ရင်တွင်း စကားသံများ
မမေဇင်သော်အောင်
မင်းတုန်းမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)
လူငယ်တွေက ကျွန်မတို့ ပါတီအပေါ် ယုံကြည်လာအောင် ဘယ်လို ဆွဲဆောင်စည်းရုံးကြမလဲဆိုတာပါပဲ။ လူငယ်ဘဝကနေ ပါတီကိုယုံကြည်သက်ဝင်ပြီး အရည်အချင်းပြည့်မှီလို့ နိုင်ငံတော်တာဝန်ထမ်းဆောင်လာမယ်ဆိုရင် ယနေ့ NLD အစိုးရ ကြုံတွေ့နေရတဲ့ ယုံကြည်အားထားရသူ ဦးစားပေးပြီး လူတော်လူကောင်းများ လက်လွှတ်လိုက်ရလို့ တိုင်းပြည်လဲနစ်နာ ပါတီလဲ နစ်နာဆိုတဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ စင်္ကာပူနဲ့ တရုတ်နိုင်ငံတွေဟာ ကံအကြောင်းတရားကြောင့် တိုးတက်လာခဲ့တာမဟုတ်ပါဘူး သူတို့မှာအနာဂတ်အမြင် Vission တွေရှိတယ်၊ ရေရှည်စီမံကိန်းတွေရှိတယ်။ ဒါတွေကိုလည်း ရလဒ်ကောင်းတွေထွက်အောင် အကောင်အထည်ဖော်တယ်။ ပညာကို တန်ဖိုးထားတယ်၊ ပညာတတ်တွေကိုလည်း နေရာပေးတယ်။ တိုင်းပြည်အတွက် အတူကြိုးစားရအောင်ဆိုတဲ့ ညီညွတ်တဲ့ အမျိုးသားရေးစိတ်ဓာတ်လည်း ရှိတယ်။ ဒါတွေကြောင့် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးတို့ပြည်ခိုင်ဖြိုးပါတီက လူငယ်တွေ စွမ်းရည်ပြည့်ဝဖို့ လူမှန် နေရာမှန် ရရှိဖို့အတွက် စနစ်တကျတည်ဆောက်ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ဒါမှသာ အနာဂါတ်မြန်မာပြည်ရဲ့ ကံကြမ္မာဟာ နိုင်ငံရေးမျိုးဆက်သစ်တွေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော် တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ပြောလိုပါတယ်ရှင့်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်အောင်နိုင်ဝင်း
ဆိတ်ဖြူမြို့နယ်(ပြည်ခိုင်ဖြိုးလူငယ်)
လူငယ်တွေ အနေ့နဲ့ မိမိတို့ပါတီအပေါ် သက်ဝင်ယုံကြည်စိတ် ခိုင်မြဲစေရန်အတွက် အထက်အဆင့်ဆင်မှ တာဝန်ရှိသူတွေဟာ _
(၁) လူငယ်ပါတီဝင်များပြောသမျှ စိတ်ဝင်တစားနားထောင်ပေးရန်
(၂) ပါတီဝင်တိုင်းကို တန်းတူဆက်ဆံရန်
(၃) ယုံကြည်မှုရှိအောင် ပွင့်လင်းစွာဆက်ဆံရန်
(၄) တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ရှိကြောင်း ပြသရန်
(၅) လူငယ်တစ်ဦးချင်းစီကို ကောင်းသောအလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောပြခြင်းဖြင့် တည်ဆောက်ရန် စတဲ့အချက်တွေကို သိရှိဖို့လိုမယ်လို့ထင်ပါတယ်ဗျ ။ ဒါမှလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ လူငယ်ဏ္ဍဟာ
အောင်မြင်လာမယ်လို့ ထင်မြင်မိကြောင်း ပြောလိုပါတယ်ခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်ဝေမင်းဦး
ပွင့်ဖြူမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)
လူငယ်ဆိုတာ အဖွဲ့အစည်းတစ်ခု တိုင်းပြည်တစ်ခုအတွက် အလွန်အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ တနည်းအားဖြင့် အငုံအဖူးလေးတွေပါ မျိုးစေ့များလို့ ဆိုရင်လည်းဖြစ်ပါတယ်။ လူငယ်အရင်းအမြစ်များ ပြုစု ပျိုးထောင်နိုင်ရင် အဖွဲ့အစည်း၊ တိုင်းပြည်တို့ ခိုင်မာတောင့်တင်းလာမှာ ဖြစ်ပါတယ်။ မျိုးစေ့များ ကောင်းစွာပြုစု ပျိုးထောင်နိုင်ရင် အပင်များကောင်းစွာ ဖွံ့ဖြိုးဝေစည်လာမှာပါ ခင်ဗျာ။ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ လူငယ်တွေ အနေနဲ့ကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အတွေးအခေါ်အရည်အသွေး ကိုယ်ရည်ကိုယ်သွေး စိတ်ဓါတ် အထူး ပြောစရာမလိုအောင် ရင်းနှီးကျွမ်းဝင်ပြီးသားတွေပါ။ ကျွန်တော်တို့ပြည်ခိုင်ဖြိုးလူငယ်တွေအနေနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်မှာ ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာ သေချာပါတယ်ခင်ဗျ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးလူငယ်ဆိုတာ ဒို့တာဝန်အရေးသုံးပါးနဲ့ တိုင်းပြည်တည်တံ့ခိုင်မြဲ အောင် မိဘပြည်သူတွေ အေးချမ်းစွာနေထိုင်နိုင်အောင် ပြုစုပျိုးထောင်ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတော်အတွက်
အထောက်အကူဖြစ်မှာ အသေအချာဆိုတာ ပြောလိုပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မစုမွန်စိုး
မြို့သစ်မြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)
လူငယ်တွေရဲ့ အခန်းကဏ္ဍကိုပြောမယ်ဆိုရင်တော့ အများကြီးပေါ့နော်၊ သမီးပြောချင်တာကတော့ လူငယ်တွေ အနေနဲ့ ဖြစ်ပေါ်ပြောင်းလည်းနေတဲ့ ပြည်တွင်းနို်င်ငံရေး စီးပွားရေး လူမှု့ရေးအခြေအနေတွေကို မျက်ခြေ အပြတ်မခံပဲ စောင့်ကြည့်လေ့လာဖို့ အရေးကြီးမယ်ထင်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားအတိုင်း သမီးတို့ လူငယ်တွေ စဉ်ဆက်မပြတ်ကြိုစားနေမှသာ သမီးတို့နိုင်ငံတိုးတယ်မယ်လို့ မြင်မိပါတယ် ရှင့်။ သမီးတို့လူငယ်တွေအနေနဲ့ မိမိကိုယ်မိမိ ယုံကြည့်မှု့ရှိရပါမယ်။ တစ်ဦးချင်းစွမ်းရည်လည်း ပြည့်ဝနေရပါမယ်။ စီမံခန့်ခွဲမှု့ကောင်းဖို့ တာဝန်ယူမှု့ တာဝန်ခံမှု့ အဲလိုစွမ်းရည်တွေ ပြည့်ဝနေဖို့ လိုပါလိမ့်မယ်။ ဒါမှ တိုင်းပြည် တိုးတက်ဖို့ စွမ်းဆောင်ရည်ပြည့်ဝနေတဲ့ လူငယ်တွေဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
မမြင့်ဧကရီသော်
ဂန့်ဂေါမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)
ဒီနေ့ပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။ တိုင်းပါတီရုံးကို ရောက်လာခဲ့တဲ့အချိန်မှာလည်း တိုင်းပါတီက လူကြီးတွေရဲ့ နွေးထွေးပြူငှာမှု့ကို မြင်တွေ့ခွင့်ရခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ် ရှင့်။ လူငယ်ကဏ္ဍကိုပြောရမယ်ဆိုရင် အဓိကပြောချင်တာကတော့ သမီးတို့လူငယ်တွေ နိုင်ငံရေးမှာ ဝင်ဆန့်ဖို့ ဆိုရင် အရေးတကြီး လိုအပ်တာကတော့ လူမှု့ရေးစိတ်ဓါတ် ပရဟိတစိတ်ဓါတ်အခြေခံပြီးတော့ ပြည်သူတွေကြား အရောက်သွားဖို့ပါပဲ။ သမီးကြားဖူးတဲ့ အဆိုအမိန့်တစ်ခုလိုပေါ့ ” နိုင်ငံရေးဟာ အရေးကြီးဆုံး ပရဟိတပင်ဖြစ်သည် ” ဆိုသလိုပါပဲ သမီးတို့ ရပ်ရွာအတွင်းမှာရှိတဲ့ သာရေး နာရေး ဘာသာရေးကိစ္စတွေ ပညာရေးဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ရပ်ရွာပြည်သူတွေရဲ့ ရှေ့က မားမားမတ်မတ်ရပ်ရင်း ဖြည့်ဆီးပေးဖို့ လိုမယ်ထင်ပါတယ်ရှင့် ။
သမီးတို့ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ အခုနကပြောခဲ့တဲ့ ပရဟိတနိုင်ငံရေးနဲ့ ကျင့်သုံးနေတဲ့ ပါတီဖြစ်လို့ အထူးတလယ် ပြောစရာမလိုဘူး ထင်ပါတယ်ရှင့်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက မိမိတို့ပါတီဝင်မျိုးဆက်သစ်တွေဟာ ပြည်သူအများနဲ့အတူ ပရဟိလုပ်ငန်းများ ကို ပူပေါင်းဆောင်ရွက်ရင်း ပါတီပုံရိပ်မြှင့်တင်ဖော်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်ရှင့်။
လင်းဇော်အောင်