ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦဝဏ္ဏ​မောင်​လွင်​​ ပြည်​ခိုင်​ဖြိုးပါတီဌာနချုပ်​သို့ ​လေ့လာ​ရေး​ရောက်​ရှိ​နေကြ​သော မန္တ​လေးခရိုင်​အတွင်းရှိ (၇) မြို့နယ်​မှ လူငယ်​​ခေါင်းဆာင်​၊ ဒု​-ခေါင်း​ဆောင်​များအား​တွေ့ဆုံ နှုတ်​ခွန်းဆက်​စကား​ပြောကြား

(၂၁.၅.၂၀၁၈) ရက်​​နေ့ နံနက်​(၀၉း၀၀) နာရီအချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ (မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ) ဦဝဏ္ဏ​မောင်​လွင်​သည်​ ပြည်​ခိုင်​ဖြိုးပါတီဌာနချုပ်​သို့ ​လေ့လာ​ရေး​ရောက်​ရှိ​နေကြ​သော မန္တ​လေးခရိုင်​အတွင်းရှိ (၇) မြို့နယ်​မှ လူငယ်​​ခေါင်းဆာင်​၊ ဒု​-ခေါင်း​ဆောင်​များ (၁၀၀) ​ကျော်​ခန့်​အား​တွေ့ဆုံပြီး နှုတ်​ခွန်းဆက်​စကား​ပြောကြားခဲ့ပါည်​။
အဆိုပါအခမ်းအနားသို့ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌများ၊ အတွင်း​ရေးမှူးများ၊ လူငယ်​အဖွဲ့ဝင်​များ စုစု​ပေါင်း(၁၀၀)​ကျော်​ခန့်​တက်​​ရောက်​ခဲ့ကြပါသည်​။