ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ခရိုင်ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံ ဦးခင်ရီက ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံတော်သမ္မတထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဝေဖန်အကြံပြုဆွေးနွေးပြီး တက်ရောက် လာသည့် တိုင်းဒေသကြီး၊ ခရိုင်ပါတီကော်မတီဝင်များက သိရှိ လိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)