လူငယ်​ညီလာခံအကြိုလူငယ်​နှီး​နှောဖလှယ်​ပွဲ ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်​ ပြုလုပ်

 

၃၀.၄.၂၀၁၈ ရက်​​နေ့ နံနက်​(၉) နာရီတွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း) ပြည်​နယ်​အဆင့်​လူငယ်​ညီလာခံ အကြိုလူငယ်​နှီး​နှောဖလှယ်​ပွဲကို ပြည်​နယ်​ပါတီရုံးအ​ပေါ်ထပ်​ခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​ ။ အခမ်းအနားတွင်​ သဘာပတိအဖြစ်​ ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း) ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဒုတိယဥက္ကဌ ဦးစိုင်းလုံးဆိုင်​၊ သဘာပတိအဖွဲ့ဝင်​များအဖြစ်​ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ် ​​ဒေါက်​တာစိုင်းဆိုင်​​ကျောက်​ဆိုင်​၊ မိုင်းခတ်​မြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုင်းကီး​ကော်​တို့မှ ​ဆောင်​ရွက်​ခဲ့ပါသည်​ ။
အခမ်းအနားအား နိုင်​ငံ​တော်​အလံအ​လေးပြုခြင်းနှင့်​ နိုင်​ငံ​တော်​သီချင်းအားသံပြိုင်​သီဆို၍ အခမ်းအနားကို စတင်​ဖွင့်​လှစ်​ခဲ့ပါသည်​။ ထို့​နောက်​ သဘာပတိကြီးဖြစ်​သည့်​ ဦးစိုင်းလုံးဆိုင်​မှ အဖွင့်​အမှာစကား​ပြောကြားခြင်း၊ ပြည်​နယ်​ပါတီလူငယ်​တာဝန်​ခံ ဦးအားဖာမှ ပြည်​နယ်​လူငယ်​ညီလာခံ ကျင်းပမည့်​အစီအစဉ်​အား ရှင်းလင်းတင်​ပြပြီး တက်​​ရောက်​လာသည့်(၁၀) မြို့နယ်​မှ လူငယ်များ မိတ်​ဆက်​ခြင်းကို ​ဆောင်​ရွက်​ပြီး အစီအစဉ်​အား ​ခေတ္တရပ်​နားပြီး လူငယ်​(၁၄၀) ဦးအား အဖွဲ့ (၇) ဖွဲ့ခွဲပြီး စာတမ်းပြုစုရန်​​ဆွေး​နွေးခြင်းများ ဆက်​လက်​ ​ဆောင်​ရွက်​ခဲ့ပါသည်​ ။ အစုအဖွဲ့အလိုက်​ စာတမ်းပြုစု​ဆွေး​နွေးမူများကို သဘာပတိနှင့်ြ ပည်​နယ်​အတွင်း​ရေးမှူးတို့မှ ကြည့်​ရူ့ခဲ့ပါသည်​။
ထို့​နောက်​ (၁၁း၁၀) အချိန်​တွင်​ အခမ်းအနားအစီအစဉ်​အား ဆက်​လက် ​ကျင်းပရာ ​ရွေးချယ်​​ရေးအဖွဲ့​ခေါင်း​ဆောင် ပြည်​နယ်​လူငယ်​​ရေးရာတာဝန်​ခံ ဦးအားဖာနှင့်အဖွဲ့ဝင် ​(၆) ဦးမှ အစုအဖွဲ့အလိုက် ​ဖွဲ့စည်းထားရှိသည့်​ဥက္ကဌ၊ အတွင်း​ရေးမှူး ၊ အဖွဲ့ဝင်​များအား အဖွဲ့ (၁) မှ အဖွဲ့ (၇) အထိ တစ်​ဦးခြင်းဖြင့်​ အဖွဲ့လိုက်​မိတ်​ဆက်​ခြင်းများ ​ဆောင်​ရွက်​ခဲ့ပါသည်​။
ထို့​နောက်​ အစီအစဉ်​များအား ဆက်​လက်​ကျင်းပရာ သဘာပတိအဖွဲ့မှ ပြန်​လည်​​နေရာယူပြီး အစုအဖွဲ့များမှ​ ရွေးချယ်​ထား​သော လူငယ်​​မောင်​မယ်​ (၇) ဦးမှ မိမိတို့သက်​ဆိုင်​သည့်​စာတမ်းများကို ဖတ်​ကြားခြင်းများ ​ဆောင်​ရွက်​ခဲ့ပြီး
ပြည်​နယ်​လူငယ်​တာဝန်​ခံ ဦးအားဖာမှ ပြည်​နယ်​လူငယ်​ညီလာခံ ကျင်းပရခြင်း အ​ပေါ်​တွေ့ရှိချက်​၊ သုံးသပ်​ချက်​များနှင့်​ လူငယ်​များ၏​ရှေ့လုပ်​ငန်းစဉ်​များအား ရှင်းလင်းတင်​ပြခဲ့ပါသည်​ ။ ထို့​နောက်​ရှမ်းပြည်နယ်​ (အရှေ့ပိုင်း) ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒု – ဥက္ကဌ ဦးစိုင်းလုံးဆိုင်​မှ နိဂုံးချုပ်​အမှာစကား
ပြောကြားခဲ့ပါသည်​ ။ ဆက်​လက်​၍ အခမ်းအနားတက်​​ရောက်​လာသူများမှ “ပြည်​ခိုင်​ဖြိုးလူငယ်​”သီချင်းအား သံပြိုင်​သီဆိုပြီး ယ​နေ့ပြုလုပ်​သည့်​ ပြည်​နယ်​အဆင့်​လူငယ်​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး
နှင့်​ဖွံ့ဖြိုး​ရေးပါတီ ပြည်​သူ့လွှတ်​​တော်​၊ အမျိုးသားလွှတ်​​တော်​၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​အတွင်း​ရေးမှုး၊ ပြည်​နယ်​​ကော်​မတီဝင်​များ၊ခရိုင်​/မြို့နယ်​ပါတီဥက္ကဌများ၊ ခရိုင်​/မြို့နယ်​ပါတီလူငယ်​​ခေါင်း​ဆောင်​များ၊ မြို့နယ်​(၁၀) မြို့နယ်​မှ ပါတီလူငယ်​များ စုစု​ပေါင်းအင်းအား (၂၀၀)​ ကျော်​ တက်​​ရောက်​ခဲ့ပြီး အခမ်းအနားမှူးအဖြစ်​​ ဒေါ်​မေနှင်းသက်​နှင့်​ တွဲဖက်​အခမ်းအနားမှူး
အဖြစ်​ ​ဒေါ်ခင်​မျိုးသန်းတို့မှ ​ဆောင်​ရွက်​ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁) နာရီအချိန်​တွင်​ ​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပြီး ပြည်​နယ်​ပါတီမှ ကျိုင်းတုံမြို့ရှိ စိတ်​တိုင်းကျ စား​သောက်​ဆိုင်​တွင်​ ​နေ့လည်​စာဖြင့်​ ဧည့်​ခံ​ကျွေး​မွေးခဲ့ကြ​ကြောင်း
သတင်းရရှိပါသည်​ ။