ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပန်ချီပြပွဲ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် ယဉ်ကျေး သင်္ကြန်ရေပက်ဖြန်းခြင်း နှစ်ဦးအကြိုမင်္ဂလာ ကျင်းပပြုလုပ်

ရန်ကုန် ၊ ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကျင်းပပြုလုပ်သော ပန်းချီပြပွဲနှင့် စကားဝိုင်းတွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီတွင် ခရိုင်ပါတီရုံးခန်းမတွင် နိုင်ငံတော်သီချင်းနှင့် သီဆိုဖွင့်လှစ်ပြီး အခမ်းအနားအား ရန်ကုန်တိုင်းဒေသ ကြီး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းပါတီကော်တီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်အတွင်းရေးမှုး ဒေါ်ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ခရိုင်ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ အရှေ့ပိုင်းခရိုင် (၁၄) မြို့နယ် ဥက္ကဌများ၊ လူငယ်တာဝန်ခံများ၊ အမျိုးသမီးတာဝန်ခံများ အင်အား ၈၅ ဦး တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟိုကော်မတီဝင် ဦးသာဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင်မှ တောင်ဒဂုံ ပန်ချီပြပွဲအား ပံ့ပိုးပေးပန်ချီဆရာ ဦးအေးထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး တက်ရောက်လာသောလူငယ်များမှ အစုအဖွဲများစုဖွဲပြီး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပကြပြီး အစည်းအဝေးအား ပါတီဥက္ကဌ ဦးစိန်မြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ပန်ချီပြပွဲ စကားဝိုင်းအား နေ့လည် ၁၁ နာရီခွဲတွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

အေးမင်းဇော် (မြောက်ဥက္ကလာ)