ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရက်ရှည်စက်ချုပ်သင်တန်းအခမဲ့သင်ကြားပို့ချ

 

ရန်ကုန် မတ် ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ်တွင် အမှတ် (၆) ရပ်ကွက် စုပေါင်းရုံးလမ်းရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး ၌အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ကိုရည်ရွယ်၍ စက်ချုပ်သင်တန်းကို ယခုလ ၁၈ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ ညနေ ၄နာရီအထိ သင်တန်းဆရာမဒေါ်သူဇာနှင့်အဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် ၏ ပြောပြချက်အရ သိရသည်။

”မြို့နယ်အတွင်းက အမျိုး သမီးထု ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရည်ရွယ်တာပေါ့နော်၊ စက် ချုပ်သင်တန်းရက်ကို တစ်ပတ်မှာ စနေနဲ့ တနင်္ဂနွေ နှစ်ရက်သတ်မှတ် ထားပြီး နှစ်လကြာပို့ချသွားမှာဖြစ် ပါတယ်။ ဒီသင်တန်းမှာ သင်ကြား ပေးနေတာကတော့ မြန်မာအင်္ကျီ၊ ဘလောက်အင်္ကျီ၊ ထဘီစကပ်နဲ့ အမျိုးသမီးဝတ်မျိုးစုံချုပ်နည်းတွေ ကို အခမဲ့သင်ကြားပေးနေတာပါ” ဟု မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က ပြောသည်။
မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယခုလ၂၃ရက်မှစတင်ကာ၂၅ရက် အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းတစ်ရပ်ကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားသွား ရန်ရှိကြောင်း ၄င်းကဆက်လက် ပြောသည်။

သတင်းထောက်မှ စက်ချုပ် သင်တန်းတက်ရောက်နေသူ အမျိုး သမီးတစ်ဦးအား တွေ့ဆုံမေးမြန်း ရာ ၄င်းက ”ဒီသင်တန်းဖွင့်လှစ် တာကောင်းပါတယ်။ ကျွန်မတို့ငွေ ကုန်ကြေးကျမခံနိုင်လို့ လာရောက် တက်တာပါ။ အကျိုးကျေးဇူးတွေ ကျွန်မတို့အမျိုးသမီးတွေအတွက် အများကြီးရရှိပါတယ်”ဟု အဆို ပါအမျိုးသမီးက ဖြေကြားခဲ့သည်။

အမျိုးသမီးများ စက်ချုပ်သင် တန်းတွင် ရွှေပြည်သာမြို့နယ် အတွင်းရပ်ကွက်အသီးသီးမှ အမျိုး သမီးအင်အား ၁ဝဝ ခန့် တက် ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ရွှေပြည်သာ)