ရွှေကူမြို့၌ ရပ်ကွက်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေး

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက် /ကျေးရွာအုပ်စု ပါတီ ကော်မတီဥက္ကဋ္ဌများခန့်အပ်တာဝန် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်က ရွှေကူမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့ရာ ဗဟိုကော် မတီဝင်ဦးဝင်းမောင်သိန်း၊ခရိုင်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်း ရေးမှူးဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်းနှင့်အရန်ကော်မတီ ဝင်များ၊ ရွှေကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊အတွင်းရေးမှူး ဦးသန်း ထိုက်နှင့်ကော်မတီဝင်များ၊ရပ်ကျေး ပါတီကော်မတီဥက္ကဋ္ဌများစုစုပေါင်း ၇၃ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ အခမ်းအနားကို ဖွင့်လှစ် ခဲ့ပြီး သဘာပတိဗဟိုကော်မတီဝင် ဗန်းမော်ခရိုင်တာဝန်ခံဦးဝင်းမောင် သိန်းနှင့် ခရိုင်ပါတီဥက္ကဋ္ဌဦးသန်း ဇော်လေးတို့က အမှာစကားပြော ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်မင်းက ရပ်ကွက်ကျေးရွာအုပ်စုပါတီကော် မတီဥက္ကဋ္ဌခန့်အပ် တာဝန်ပေးအပ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင် ပြပြီးရပ်ကွက်ကျေးရွာအုပ်စုပါတီ ကော်မတီဥက္ကဋ္ဌခန့်အပ်လွှာများပေး အပ်ခဲ့ရာ ရပ်ကွက်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများကိုယ်စား ငဘတ်ဝ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌဦးလှ ကျော်က လက်ခံယူခဲ့ပြီး သဘာပတိ ဗဟိုကော်မတီဝင်ဦးဝင်းမောင်သိန်း က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

ဆီမီးခုံ-နန်းရီ