အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်များ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံတောင်မြို့နယ် ကျန်စစ်သားလမ်းမပေါ်ရှိ ရတနာမြင့် ဘုန်းကြီးကျောင်းတွင်းကျောင်းပြင်ရှိ အမှိုက်များချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး၊ ခရိုင် နယ်မြေတာဝန်ခံ           ဦးမျိုးဝင်းကျော်နှင့် ဒဂုံအရှေ့ပါတီဥက္ကဋ္ဌ၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ် လူငယ် တာဝန်ခံများ စုစုပေါင်းအင်အား ၉ဝ ကျော် စုပေါင်း၍ ကျောင်းတွင်းကျောင်းပြင် ရှင်းလင်း ဆောင်ရွက် ကုသိုလ်ယူလုပ်အားပေးခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)