ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို စာအုပ်များလှူဒါန်း
ရန်ကုန်မြို့ ဒဂုံ(တောင်)မြို့နယ် (၁၄ဝ)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်စိုးလင်း၏နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ဗလာစာအုပ် လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် ဒဂုံတောင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့်ကော်မတီဝင်များ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ သည်။ အစီအစဉ်အရ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့် ကော်မတီဝင် များက ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူ ၁၃၈ ဦးကို ဗလာ စာအုပ်များလှူဒါန်းခဲ့သည်။ထို့နောက် အလှူရှင်ဒေါက်တာခင်မောင်ထွန်း နှင့်ဇနီး ဒေါ်ဥမ္မာသန်း(ထက်လင်းတိုင်းရင်းဆေးနှင့်ရွှေခေါင်းပေါင်း တိုင်းရင်းဆေးထုတ်လုပ်ရေး)မိသားစုက ဒဂုံတောင်မြို့နယ် ရပ်ကွက် အသီးသီးရှိ ကျောင်းသားကျောင်းသူ ၅ဝဝ ကျော်ကို ဗလာစာအုပ်များနှင့် စာရေးကိရိယာများလှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ရဲထွဋ်(ဒဂုံတောင်)