နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း မြောင်းမြတွင်ဖွင့်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၇) သင်တန်းဖွင့်ပွဲကို ယခုလ ၁ဝ ရက် နံနက် ၉ နာရီအချိန်က အဆိုပါ ပါတီရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဝင်သင်တန်းသား ၅ဝ တို့ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးပြုံးချို၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမော်၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ပြည်ခိုင်ဖြိုးသမိုင်းကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါး၊ ဥပဒေ အခြေခံသဘောတရားများ၊ ပြည်ခိုင်ဖြိုးပါတီဝင်တို့ ခံယူအပ်သည့် ကျင့်ဝတ်တရားများနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အခြေခံသဘောတရားများ စသည်တို့ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)