နည်းပြတိုနီပူးလစ်ကို ၀က်စ်ဘရွန်းအသင်းထုတ်ပယ်

ဝက်စ်ဘရွန်းအသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြတိုနီပူးလစ်ကို ထုတ်ပယ်လိုက်ပြီလို့ ကြေညာသွားခဲ့ ပါတယ်။

တိုနီပူးလစ်ဟာတန်းမဆင်းရအောင် စွမ်းဆောင်နိုင်သည့် နည်းပြတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရ ပေမယ့်လည်း ၀က်စ်ဘရွန်းအသင်းမှာ ၁၀ပွဲဆက်နိုင်ပွဲပျောက်နေပြီး ၂၀၁၇၊ ဖေဖေါ်ဝါရီလနောက်ပိုင်းတွင် ပရီးမီးယားလိဂ်နိုင်ပွဲသုံးပွဲသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဲဒီသုံးပွဲထဲက နှစ်ပွဲကိုဒီရာသီမှာရယူနိုင်ခဲ့ပြီး အသင်းက အဆင့် ၁၇နေရာမှာရပ်တည်နေရတာကြောင့် တိုနီပူးလစ်အနေနဲ့ အခုလို ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ချဲလ်ဆီးကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို အသင်းပိုင်ရှင် ဂိုချူအန်လီ လာရောက်ကြည့်ရှုရာမှာ တိုနီပူးလစ်ကို ထုတ်ပယ်ဖို့ အသင်းပရိသတ်တွေက အော်ဟစ်တောင်းဆိုမှုတွေပြုလုပ်သွားခဲ့ကြပါတယ်။

-Ref; BBC Sports