မန်ယူအရန်ကစားသမားများနှင့် ကွင်းလယ်လူ ပေါ့ဘာ လေ့ကျင့်ခန်းဆင်း


ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ယူ အရန်အသင်းကစားသမားအချို့နဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ(၁၂)ရက်က ဘေဆယ်လ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်ယူ နောက်ဆုံး ကစားခဲ့တဲ့ (၁၂)ပွဲကိုပေါ့ဘာလွဲချော်ခဲ့ရပါတယ်။ အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ နည်းပြမော်ရင်ဟိုရဲ့အသင်းမှာ ပြန်လည် ကစားနိုင်ဖို့ ရှိနေပါတယ်။
နည်းပြ မော်ရင်ဟို ဟာ နိုင်ငံလက်ရွေးစင်အသင်းမှာ မပါဝင်တဲ့ ပထမကစားသမားတွေကို တစ်ပတ် အနားပေးခဲ့ ပါတယ်။
ဒါပေမယ့် နိုဝင်ဘာလ(၁၈)ရက်အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့်နယူးကာဆယ်နဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပေါ့ဘာ လေ့ကျင့်ခန်းဆင်းနေခဲ့တာပဲဖြစ်ပါတယ်။
-Ref ; Sky sprots



