ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်ပုဒ်များ အသစ်တင်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျိုက်မရောမြို့ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် ဘိန်းဗျောကျေးရွာ အုပ်စု နန်စမ်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် ပါတီဆိုင်ပုဒ်အသစ်များ စိုက်ထူ ခဲ့ကြပါသည်။
မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)မှ အောင်သပြေတို့ဖြင့် အမွှေးနံ့သာရည်များအား ပတ်ဖျန်းပြီး၊ တက်ရောက်လာသော မြို့နယ်ကော်မတီ ဝင်များနှင့် စည်းမှူးတို့မှ နံ့သာရည်များ ပတ်ဖျန်းခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြသည်။