ဖုန်းဘက်ထရီရဲ့ သက်တမ်းကြာရှည်ဖို့  ရိုးရှင်းတဲ့ နည်းလမ်းအချို့
ဖုန်းကို မျှတစွာ အားသွင်းခြင်းဟာ သင်ဖုန်းဘက်ထရီ အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အိမ်ပြန်ရောက်ပြီး ဖုန်းကို ပလပ်ထိုး အားသွင်းပြီး မနက် အိပ်ရာထမှ ဖုန်းအားသွင်းခြင်းကို ရပ်နားလိုက် တာဟာ ကောင်းသော နည်းလမ်းတော့ မဟုတ်ပါဘူး ထို့ ကြောင့် အကြံပေးချက်များစွာ ရှိသည့် အထဲက သင့်ဖုန်း အတွက် အသုံးဝင်မယ့် အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။
သင့်ဖုန်းကို အပူမလွန်ကဲပါစေနှင့် အပူက သင့်ဖုန်းအတွက် ရန်သူတစ်ယောက် လိုပါပဲ။ ဖုန်းကို နေရောင် တည့်တည့်မှာ မထားသင့်ပါဘူး။ ကား အတွင်းခန်းမှာ သိမ်းဆည်းထားခြင်းမျိုးလည်း မလုပ်သင့်ပါဘူး။ ဖုန်း ကို အားသွင်းရင်းနဲ့  ရုပ်ထွက်ကောင်းသော ဂိမ်းတွေကို မဆော့သင့်ပါဘူး။
ထိုသို့ ပြုလုပ်ခြင်းတွေက သင့်ဖုန်း ဘက်ထရီ ကို ဒုက္ခရောက်စေပါတယ်။ ဖုန်း အပူချိန်ကို ၂၀ဒီဂရီ နှင့် ၃၀ ဒီဂရီ ကြား ထားတာဟာ သင့်ဖုန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။
သစ်ထူးလွင်(နည်းပညာ)
-Ref : Gadgets