ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။
ရဲဝင်း(နေပြည်တော်)