ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် တွေ့ဆုံအားပေး ဆန်အိတ်များထောက်ပံ့

 

မောင်တောခရိုင်အတွင်းအစွန်း ရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ စားသောက်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင်၊ နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှက ယာယီကယ်ဆယ် ရေးစခန်းများသို့ သွားရောက်ကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား များပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်များနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အလိုတော်ပြည့်ဆရာတော်ကြီး နှင့်အတူ မောင်တောသို့ရောက်ရှိနေသော ဦးထွေးလှသည် ယခုလ ၅ ရက်က အလိုတော်ပြည့်ပရဟိတ ကျောင်းသို့ နေရပ်စွန့်ခွာတိမ်းရှောင် လာသူဦးရေ ၂၉၄ဦးအတွက် ထောက်ပံ့ငွေကျပ်နှစ်သိန်းအားလည်းကောင်း၊ မောင်တောမြို့နယ် တောင်ပြို လက်ဝဲမြို့ အထက်တန်း ကျောင်းသို့သွားရောက်ပြီး နေရပ် စွန့်ခွာတိမ်းရှောင်သူဦးရေ ၈၉၅ဦး၊ နံ့သာတောင်ဘုန်းတော်ကြီးကျောင်းမှ ၃၇ဝ၊ ရှင်ပြင်ကျေးရွာမှ ကျေးရွာသားများနှင့် ကိမ်ချောင်းကျေး ရွာသားများအတွက် ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲ၊ ကြက်ဥများနှင့်ထောက် ပံ့ငွေများ ကိုလည်းကောင်း ပေးအပ်ကာ လူထုများအားတွေ့ဆုံအားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ယခုလ ၃ရက် နှင့် ၄ရက်တို့တွင် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကိုးကျောင်း သို့ နေရပ်စွန့်ခွာတိမ်းရှောင်ရောက်ရှိနေ ကြသော ဘူးသီးတောင်၊ မောင် တောဒေသမှ ရခိုင်တိုင်းရင်းသား ၂၂၈၄ဦးအတွက် ဆန်နှင့်စားသောက် ဖွယ်ရာပစ္စည်းများအား လည်းကောင်း၊ ရသေ့တောင်မြို့နယ်မှ နေရပ်စွန့် ခွာတိမ်းရှောင်သူ ဦးရေ ၁၆၉ဦး အတွက် ဆန်အိတ်များနှင့်ထောက်ပံ့ ငွေများအားလည်းကောင်း ထောက်ပံ့ ပေးအပ်ကာ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် ဘူးသီးတောင်၊ မောင်တောမှ နေရပ် စွန့်ခွာ တိမ်းရှောင်ကာ ယာယီခိုလှုံနေကြသော ရခိုင်တိုင်းရင်းသားများအတွက် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်မှ လှူဒါန်းသည့် ဆန်အိတ် ၁ဝဝ အား ယခုလ ၄ ရက်တွင် ဦးထွေးလှ က အလိုတော်ပြည့်ဆရာတော် ကြီးထံသို့လှူဒါန်းခဲ့ကြောင်း သိရှိ ရပြီး ၄င်းနေ့တွင်ပင် တပ်မတော် ရဟတ်ယာဉ်ဖြင့် အလိုတော်ပြည့် ဆရာတော်ကြီးနှင့်အတူ ဘူးသီးတောင်မြို့သို့လိုက်ပါကာ ဘူးသီး တောင် အလိုတော်ပြည့် ဘုန်းတော် ကြီးကျောင်းတိုက်မှ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၉၆၄ ဦးအတွက် အလှူငွေများနှင့် ဆန်အိတ် ၂ဝ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

နေချိုသွေး