ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

စစ်တွေ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ သည် ယခုလ ၁ ရက် နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးတွင် စစ်တွေမြို့ပေါ်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ကိုးပါးအား ပင့်ဖိတ် ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲသို့ ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ဗဟိုကော်မတီဝင် ပြည်နယ် ပါတီအတွင်း ရေးမှူးဦးသန်းဝေနှင့် ပြည်နယ်ကော်မတီဝင်များ၊ စစ်တွေ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ကော်မတီဝင်များ၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရ သည်။

ယင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲတွင် ပြည်နယ်သံဃာ့ နာယက၊ ဒက္ခိဏရာမကျောင်းတိုက် ဆရာတော်ကြီးက အနုမောဒနာ တရားဟော ကြားပြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း ကိုးစုံ၊ နဝကမ္မ အလှူငွေ ကျပ်ခြောက်သိန်း သုံးသောင်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေချိုသွေး