မျက်စိဝေဒနာရှင် မသီတာလှိုင်အား မျက်စိရောဂါကုသနိုင်ရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ကူညီထောက်ပံ့ငွေပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိစဉ် ပုသိမ်မြို့ မင်းကုန်းကြီးကျေးရွာမှ မသီတာလှိုင် လာရောက်တွေ့ဆုံသည်။ မသီတာ လှိုင်သည် ယာဘက်မျက်ခုံးတွင် မျက်လုံးကိုဖုံးနေသောအသားပိုအား ၂ဝ၁၆ ခုနှစ်တွင် ခွဲစိတ်ဖယ်ရှားခဲ့ပြီး အသားပိုမရှိချိန်တွင် မျက်စိမှာ မြင်ရကြောင်း၊ ယခုထပ်မံ၍ ကုသနိုင်ရေးအတွက် အကူအညီတောင်းခံ ခြင်းဖြစ်ကြောင်း သိရသည်။
ပါတီဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦးက မသီတာလှိုင်အား ရန်ကုန် ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံကြီးသို့ သွားရောက်ကုသနိုင်ရေး အတွက် လိုအပ်သည်များဖြည့်ဆည်းပေးပြီး လသာပြည်ခိုင်ဖြိုးမှ ကူညီ စောင့်ရှောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Union daily