ဗလင်စီယာနည်းပြသစ်အဖြစ် မာဆယ်လီနိုအား ခန့်အပ်

ဆီဗီလာနှင့် ဗီလာရီးရဲလ်အသင်းတို့ကို ကိုင်တွယ်ခဲ့သော နည်းပြ မာဆယ်လီနိုကို ၂ နှစ်စာချုပ်ဖြင့် နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း ဗလင်စီယာ အသင်းက အတည်ပြုကြေညာသည်။

နည်းပြဟောင်း ပါကိုအေယက်စ်တာရန်လက်ထက်က လာလီဂါတွင် ဗလင်စီယာအခက်ကြုံခဲ့ပြီးနောက် ၎င်းကို ထုတ်ပယ်ကာ ဆီဆာရီပရန်ဒယ်လီနှင့် အစားထိုးခဲ့သော်လည်း ကစားသမားအ သစ်ခေါ်ယူမှုနှင့် ပတ်သက်၍ အသင်းဘုတ်အဖွဲ့နှင့် အချင်းများပြီးနောက် ဒီဇင်ဘာက ပရန်ဒယ်လီရာထူးမှ နုတ်ထွက်ခဲ့သည်။

ဗလင်စီယာကို ဇန်န၀ါရီကတည်းက ဗိုရိုခေါ် ဂွန်ဇာလက်ဇ်မာကိုက ယာယီကိုင်တွယ်ခဲ့ကာ လာလီဂါအမှတ်ပေး ဇယားနံပါတ်(၁၃)နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်ထားသော်လည်း အခြေအနေမကောင်းသေးဘဲ ယူရို သန်း ၃၀ တန်ဖိုးရှိ ကစားသမားအသစ်များ ခေါ်ယူမှုက မထိရောက်ကြောင်း ဖော်ပြနေသည်။

မာဆယ်လီနိုသည် ဗီလာရီး ရဲလ်ကို ကိုင်တွယ်ခဲ့သည့် တစ်ရာသီချင်းစီတွင် ထိပ်ဆုံးခြောက်သင်းဝင် ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယခုရာသီအစ၌ ရာထူးမှ မထွက်မီ နောက်ဆုံးနည်းပြ သက်တမ်းတွင် နံပါတ် (၄)နေရာ ရအောင် စွမ်းဆောင်ပေးခဲ့သည်။

ဗလင်စီယာ၏ ဒေသခံပြိုင် ဘက်လီဗန်တေးတွင် ကစားခဲ့သူ မာဆယ်လီနိုသည် ဗလင်စီယာ နှင့် ၂ နှစ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ယခုရာသီလက်ကျန်  နှစ်ပွဲက စ၍ ကိုင်တွယ်မည်ဖြစ်သည်။

—Ref:Goal