မြို့နယ်နှင့် ရပ်ကွက်ပါတီခေါင်းဆောင်များ ညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ယခုလ ၉ ရက် မွန်းလွဲ ၃ နာရီတွင် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။
၎င်းအစည်းအဝေးသို့ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူးဒေါ်လဲ့လဲ့အေးနှင့်မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကွက် ၂ဝ မှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ရပ်ကွက် အလိုက် ပါတီဝင်စိစစ်ရန်၊ ပါတီ ဝင်အသစ် ထပ်မံတိုးချဲ့စည်းရုံးရန် ပါတီဝင်များအား ပါတီနှစ်စဉ် ကြေးကောက်ခံရန်၊ တာဝန်ကျေပွန် စွာ ကိုယ့်နယ်မြေတာဝန်ခံများ ကွင်းဆင်းဆောင်ရွက်ရန်၊ ကဆုန် ညောင်ရေသွန်းပွဲ၊ ဝတ်ရွတ်ပူဇော် ပွဲ၊ စတုဒိသာကျွေးမွေးလှူဒါန်းပွဲ ကို (မဟာဝိဇယ)စေတီတွင် ပြု လုပ်ရန်၊ပုံတူအရုပ်ထိုးနည်းအခြေခံ သင်တန်းနှင့် ပန်းအလှပြင်အခြေခံ သင်တန်းများလည်း ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)