အချမ်းသာဆုံး ဗြိတိန်လူငယ်သရုပ်ဆောင် ဖြစ်လာတဲ့ ဒန်နီရယ် ရက်ကလစ်

ဟယ်ရီပေါ်တာ သရုပ်ဆောင် ဒန်နီရယ်ရက်ကလစ် သည် အချမ်းသာဆုံး ဗြိတိန် လူငယ်သရုပ်ဆောင် စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

 

အသက် (၂၇)နှစ်အရွယ် ဒန်နီရယ်သည် (၁၁)နှစ်အရွယ်က စ၍ နာမည်ကျော် ဟယ်ရီပေါ်တာ ဇာတ်ကား တွဲများတွင် မှော်ဆရာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ၎င်းသည် ပေါင် ၇၈ သန်း ၀င်ငွေ ရရှိခဲ့သည်။

၎င်းသည် (၁၀) နှစ်ကြာကာလအတွင်း ထွက်ရှိခဲ့သော ဟယ်ရီပေါ်တာဇာတ်ကား ရှစ်ကားတွင် အဓိက ဇာတ်ကောင်နေရာ၌ ပါ ၀င်သရုပ်ဆောင်ခဲ့သည်။

Sunday Times သတင်းစာ က ဖော်ပြသော အဆိုပါ အချမ်းသာဆုံး ဗြိတိန် လူငယ်သရုပ် ဆောင်စာရင်းတွင် ဟယ်ရီပေါ်တာဇာတ်ကား၌ ဒန်နီရယ်နှင့်အတူ ပါဝင်သရုပ်ဆောင်သော မင်းသမီး အမ်မာဝပ်ဆန်နှင့် ရူး ပတ်ဂရန့်တို့လည်း ပါဝင်သည်။

အဆိုပါစာရင်းတွင် နံပါတ် (၁)တစ်နေရာ၌ ဒန်နီရယ် ရပ်တည်ပြီးနောက် Twilight ဇာတ်ကားဖြင့် ကျော်ကြား သော မင်းသား ရောဘတ်ပတ်တီဆန်က ၀င်ငွေပေါင် ၆၇ သန်းဖြင့် နံပါတ် (၂)နေရာ၊ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ်က ၀င်ငွေ ပေါင်သန်း ၄၀ ဖြင့် နံပါတ်(၃) နေရာ၊ အမ်မာဝပ်ဆန်က ၀င်ငွေ ပေါင် ၃၉ သန်းဖြင့် နံပါတ်(၄)နေ ရာနှင့် ရူးပတ်ဂရန့်က ၀င်ငွေပေါင် ၂၈ သန်းဖြင့် နံပါတ်ငါးနေရာ တွင် အသီးသီးရပ်တည်လျက်ရှိ သည်။

Ref:Dailymail