ကန်ထောက်လှမ်းရေး အကြီးအကဲ Dan Coats ကို အတည်ပြု
အမျိုးသားထောက်လှန်းရေးအဖွဲ့ အကြီးအကဲအဖြစ် သမ္မတ Donald Trump အမည်စာရင်း တင်သွင်း ထားတဲ့ အထက်လွှတ်တော်အမတ်ဟောင်း Dan Coats ကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည် ပြုပေးလိုက်တယ်လို့သိရပါတယ်။
အမျိုးသားထောက်လှန်းရေးအဖွဲ့ အကြီးအကဲသစ် Dan Coats
ထောက်ခံမဲ ၈၂ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံး ခဲ့ရတဲ့ နယူးရောက်နဲ့ ဝါရှင်တန်တွေက ၂၀၀၁ စက်တင်ဘာ ၁၁ ရက် al-Qaida တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဖွဲ့စည်းလိုက်တဲ့ ဒီအမေရိကန် ထောက်လှန်းရေးအဖွဲ့အတွက် မစ္စတာ Coats ဟာ ပဉ္စမမြောက် အကြီးအကဲ ဖြစ်ပါတယ်။
မစ္စတာ Coats ဟာ Indiana ပြည်နယ်မှာ အထက်လွှတ်တော်အမတ်အဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အရင်သမ္မတ Barack Obama အစိုးရအဖွဲ့ အပြီး တာဝန်ကနေနှုတ်ထွက်သွားတဲ့ James Clapper နေရာမှာ အစားထိုးခန့်အပ်တာ ခံရတာဖြစ်ပါတယ်။
အမျိုးသားထောက်လှန်းရေး အကြီးအကဲတစ်ဦးအနေနဲ့ မစ္စတာ Coats ဟာ အမေရိကန် ထောက်လှန်းရေး ဌာန ၁၆ ခုကို အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီထောက်လှန်းရေးဌာနတွေဟာ အောင်မြင်မှုမရှိဘူးလို့ သမ္မတ Trump က ဝေဖန်ခဲ့တာပါ။
အရင်က သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဌလည်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် John McCain ကတော့ မစ္စတာ Coats ဟာ ထက်မြက်တဲ့ ထောက်လှန်းရေး အကြီးအကဲတဦးဖြစ်လာမယ့်အပြင်၊ အမေရိကန် ထောက်လှန်း ရေး လောကအတွက် သိက္ခာပြန်ဆည်ပေးနိုင်မယ့်သူလို့ တွက်ဆထားတာပါ။ VOA (မြန်မာပိုင်း)