ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တောင်ကြီးမြို့ခံ ရပ်မိရပ်ဖများနှင့်လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ရှမ်းပြည် နယ် တောင်ကြီးမြို့ရှိRoyal Taunggyi Hotel ၌ တောင်ကြီးမြို့ခံ ရပ်မိရပ်ဖ များနှင့် လူမှုရေးအသင်းအဖွဲ့များအား မတ်လ (၆) ရက် မွန်းလွဲ ၁ နာရီတွင် ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက ဦးစွာမိတ်ဆက် စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒေသခံရပ်မိရပ်ဖများနှင့် လူမှုရေးအသင်း အဖွဲ့များမှ သိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင် က မေးမြန်းချက် များအား ပြန်လည် ဆွေးနွေးဖြေ ကြားခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးကလည်း ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင်ပအို့ဝ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ဓမ္မစကူးလ် စသည့်အသင်းအဖွဲ့ ငါးဖွဲ့အား ငွေကျပ်ငါးသိန်းစီ ပြည်ခိုင်ဖြိုးပါတီက ပေးအပ်ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲကို မွန်းလွဲ ၃နာရီခန့်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟို အလုပ်အမှုဆောင်ကော် မတီဝင်များ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ပါတီဝင်များ၊ မြို့ခံရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့သည်။ တွေ့ဆုံပွဲကို မွန်းလွဲ ၃ နာရီတွင် အောင်မြင် စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်းဟိန်း