ရန်ကုန်ခရီးသွား ဒို့အလေးထားဆွေးနွေးပွဲဖော်ထုတ်ချက်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖေဖော် ၀ါရီ ၂၄ တွင် Melia Hotel ၌ “ရန်ကုန်ခရီးသွား ဒို့အလေးထား” ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဆွေးနွေး ပွဲမှ အောက်ပါအချက်များကို ဖော်ထုတ်ရရှိခဲ့ပါသည်-

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်လမ်း ကြောင်း သတ်မှတ်ရာတွင် မီးရထားဘူတာရုံ၊ သဘောင်္ဆိပ်၊ လေဆိပ်များနှင့် တစ်နေရာနှင့်တစ်နေရာ အကူးအပြောင်းတွင် ချိတ်ဆက်မိစေရန် ဆောင်ရွက်သင့်ပါသည်။

ခရီးသည်ယာဉ်များတွင် လုပ်ကိုင်နေကြသည့် ယာဉ်မောင်း ယာဉ် နောက်လိုက်များအား သင်တန်းပေးခြင်းနှင့် ကောင်းမွန် သောပတ်ဝန်းကျင် ထူထောင်ပေးသင့်ပါသည်။

ရန်ကုန်မြို့တွင်း ခရီးသည်ယာဉ်လိုင်းများရှိ ယာဉ်များသည် ပုဂ္ဂလိကပိုင်ဖြစ် နေသေးသည့် အတွက် လက်ရှိအသုံးပြုနေသည့် ယာဉ်များ၏အခြေအနေပေါ် မူတည်၍ ယာဉ်များတွင် CCTV ငါးလုံးတပ်ဆင်ရန်နှင့် Telematic တပ်ဆင် ခြင်းအား မော်တော်ယာဉ်ပိုင်ရှင်များ၏ အမြင်နှင့် ဆန္ဒကို ရယူ၍ အလေးထား စဉ်းစားသင့်ပါသည်။

မြို့တွင်း ခရီးသည်တင် ယာဉ်လမ်းကြောင်းသတ်မှတ်ရာတွင် ခရီးသည် သွားလာမှု အနည်းအများကို ကွင်းဆင်းလေ့လာလျက် ပြည်သူ့အသံ နားထောင်ပြီး ပြုပြင်ပြောင်းလဲ သတ်မှတ်သင့်ပါသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မြို့ပတ်ရထားများအား ယခုထက် အခေါက် ရေ တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်းကို ဆောလျင်စွာ ဆောင်ရွက်သင့်ပါသည်။

ရန်ကုန်မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးစနစ်ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်း၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါသည်။

ရန်ကုန်မြို့တွင်း ခရုပတ် ပြေးဆွဲနေသည့်ယာဉ်လိုင်းများတွင် အပေါက်နှစ်ပေါက် ပါရှိ သည့် မော်တော်ယာဉ်များအား အသုံးပြုသင့်ပါသည်။

ရန်ကုန်မြို့တွင်း တိုးတက်လာမည့် လူဦးရေနှင့် တိုးတက်လာမည့် ကားအရေ အတွက်အပေါ် ခန့်မှန်းလျက် အနာဂတ်ကာလအတွက် ကြိုတင်စီမံချက် ရေးဆွဲဆောင်ရွက်သင့်ပါသည်။

ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲ ဖော်ဆောင်ရာတွင် ယနေ့ခရီးသွားပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား တာဝန်ရှိသူများ အနေဖြင့် လေ့လာဖော်ထုတ်၍ အခက်အခဲ မရှိအောင် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

credit-union daily