အသင်းဂျာစီ ရောင်းအားအကောင်းဆုံး အသင်းက မန်ယူဖြစ်နေ

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း အသင်းဂျာစီအရောင်းရဆုံး ဘောလုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို မန်ယူအသင်းက ကျော်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ တစ်နှစ်တာအတွင်း အသင်းကထုတ်လုပ်တဲ့ဂျာစီအရောင်းရဆုံး အသင်းဖြစ်ခဲ့ပြီး ပရီးမီးယား လိဂ်မှာ ချယ်လ်ဆီးက ဒုတိယ ရောင်းအားအကောင်းဆုံး အသင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ မန်ယူအသင်းဟာ စုစုပေါင်း နှစ်သန်းရှစ်သိန်းငါးထောင် ရောင်းချခဲ့ရကြောင်း သိရပါတယ်။ မန်ယူအသင်း ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျနဲ့ ပေါ့ဂ်ဘာတို့ကြောင့် အသင်းရဲ့ ကမ္ဘာတစ်ဝှမ်း ဂျာစီရောင်းအားဟာ တိုးတက်သွားခဲ့တာဖြစ်ပါတယ်။

Manchester Evening သတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ  ကမ္ဘာ့ဒုတိယ ဂျာစီရောင်းအား အကောင်းဆုံးအသင်းဖြစ်ပြီး စုစုပေါင်း တစ်သန်းကိုးသိန်းရှစ်သောင်းလောက် ရောင်းချခဲ့ရတယ် လို့ ဆိုပါတယ်။

အသင်းဂျာစီ ရောင်းအားအကောင်းဆုံးဘောလုံးအသင်းတွေထဲမှာ ပရီမီးယားလိဂ်က မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးတို့ ပါဝင်ခဲ့ပေမယ့် မန်စီးတီးကတော့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ပြီးရင် ဘာစီလိနာအသင်းဖြစ်ပြီး ချယ်လ်ဆီးက နံပတ် – ၄ နေရာမှာ ရှိပါတယ်။

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရအသင်း ဂျာစီဆိုရင် နာမည်အလိုက်ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိပြီး ဈေးအကြီးဆုံးကတော့ ဂါရက်ဘေးလ်ရဲ့ နာမည်ရဲ့ ဂျာစီဖြစ်ပါတယ်။ မန်ယူအသင်းမှာလည်း အီဘရာဟီမိုဗစ်ခ်ျနဲ့ ရွန်နေးတို့ရဲ့ နာမည်နဲ့ ဂျာစီတွေက တစ်ထည်ကို ၉၃ ဒေါ်လာလောက်ပေးရပါတယ်။

ဂျာစီအရောင်းရဆုံး အသင်း ၅ သင်း

(၁) မန်ယူ – ၂ ၈၅၀ ၀၀၀

(၂) ရီးရဲလ်မက်ဒရစ် – ၂ ၂၉၀ ၀၀၀

(၃) ဘာစီလိုနာ – ၁ ၉၈၀ ၀၀၀

(၄) ချယ်လ်ဆီး – ၁ ၆၅၀ ၀၀၀

(၅) ဘိုင်ယန်မြူးနစ် –  ၁ ၅၀၀ ၀၀၀

 

Ref; Sky Sports