ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့နယ်လှည့်ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်
၂၄၊၁၊၂၀၁၇ ရက်နေ့တွင် နံနက်(၉)နာရီ အချိန်မှစတင်ကာကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ ကျန်းမာရေးအတွက် ဖြိုးစေတနာ အခမဲ့ ဆေးကုသရေး အဖွဲ့သည် မြို့မတိုက်နယ် ပျဉ်မပင်လှ ကျေးရွာသို့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ဆေးကုသခြင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူနှင့် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ
အတွင်းရေးမှူးနှင့်ကော်မတီများ ၊ တက်ရောက်ကြပြီး ဆေးကုခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးများ ကို အပြန်အလှန်ဆွေးနွေးကြသည်။
၎င်းအခမဲ့ဆေးကုသရေးအဖွဲ့တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဒေါက်တာ စိုးသူရမှကြီးကြပ်ကုသဆောင်ရွက်ခဲ့ပြီး ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီများ ၊ အရန်ပါတီကော်မတီများ၊ ပျဉ်မပင်လှ ကျေးရွာ အုပ်စုရှိ ရပ်မိ/ဖ များ ပါတီဝင်ပြည်သူများကူညီဆောင်ရွက်ခဲ့ကြောင်း ၊လူနာပေါင်း ၈၃ ဦးကုသမှုခံယူခဲ့ပြီး ဆေးအလှူငွေ (၂) သိန်းကျပ်ခန့် ကုန်ကျကြောင်းသတင်းရရှိပါသည်။
Kyaw Lay