ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းနှင့် မြို့နယ် ပါတီအား တွေ့ဆုံ
မကြာတော့သည့် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် လုပ်ဆောင်ရ မည့်နည်းလမ်းများ၊ မြို့နယ်ပါတီနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ရှိသူများ၊ ဝိုင်းရံသူများမှ လုပ်ဆောင်ရ မည့်လုပ်ထုံးလုပ်နည်းများအား ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းနွယ်မှ ယနေ့ ဇန်န၀ါရီ (၆) ရက် နံနက် (၈) နာရီခွဲအချိန်က အခမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့် အမ်းမြို့နယ်ကော်မတီ ဝင်များအား ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံပွဲတွင် အကျယ်တဝင့် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် (အမျိုးသမီးရေးရာ တာဝန်ခံ)၊ ရခိုင်ပြည်နယ်ပါတီ အတွင်း ရေးမှူး ဦးသန်းဝေ၊ ရခိုင်ပြည်နယ်ကော်မတီဝင် ဦးထွေးလှ (ပါတီဌာနချုပ်တိုင်းရင်းသားရေးရာကော်မတီဝင်)၊ ဦးလှထွန်းဦး (ပါတီဌာနချုပ်လူငယ်ရေးရာကော်မတီဝင်)၊ ဦးရဲထွဋ်အောင် (ပါတီဌာနချုပ် သတင်းမီဒီယာကော်မတီ ဝင်) ဦးဆလိုင်းခွဲယန် (နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာကော်မတီဝင်)၊ ဒေါ်ခင်ရွှေမြင့် (ဌာနချုပ် အမျိုးသမီးရေးရာ တွဲဖက်တာဝန်ခံ)၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းနု၊ ကျောက်ဖြူမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသောင်းဝင်း၊ အမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ဆောင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုကော်မတီဝင်များမှ အမ်းမြို့နယ်၏ လာမည့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မိမိတို့၏ အတွေ့အကြုံများ၊ ရွေးကောက်ပဲအောင်နိုင်ရေးစီမံချက် လုပ်ထုံးလုပ်နည်း များ၊ ရွေးကောက်ပွဲမဟာဗျူဟာများအား ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်သောင်းမှ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အမ်းမြို့နယ် ပြည်သူလူထု၏ ပါတီအပေါ်ယုံကြည်မှု အားသာချက်၊ အားနည်းချက်များအား ပကတိအတိုင်း သုံးသပ်တင်ပြခဲ့ကြကြောင်း သိရသည်။
Arakha Development News / Rakhine USDP