မီဒီယာကိုစိတ်ဝင်စားကြသည့်ပါတီဝင်လူငယ်များအား မီဒီယာသင်တန်းဖွင့်လှစ်သင်ကြား

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီလ (၁) ရက် နံနက် ၁၁နာရီက မီဒီယာကို စိတ်ပါဝင်စားကြ သည့်ပါတီဝင် လူငယ်များအား သတင်းမီဒီယာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး က ယခုခေတ်သည် မီဒီယာခေတ် ဖြစ်သည့်အလျောက် မိမိတို့ပါတီမှလည်း မီဒီယာကဏ္ဍကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန် လည်း ဖြစ်ကြောင်း၊ ပြည်နယ်ပါတီအနေဖြင့် မြို့နယ်ပါတီများမှ မီဒီယာတာဝန်ခံများ၊ မီဒီယာ အား စိတ်ပါဝင်စားသူများကို ခေါ်ယူကာ သတင်းရေးသားနည်းများ၊ Social Media အသုံးပြုပုံ များကို သင်ကြားပို့ချသွားရန်လည်း စီစဉ်ထားကြာင်း သင်တန်းဖွင့် အမှာစကား ပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်ပြောကြားခဲ့ပြီး မီဒီယာတာဝန်ခံများမှ တက်ရောက်လာကြသည့် ပါတီဝင်လူငယ်များ အား သတင်း ရေးသားပုံနှင့် Online Media အသုံးပြုပုံများကို သင်ကြားခဲ့ကြသည်။

နေချိုသွေး