မအူပင်ခရိုင်ပြည်ခိုင်ဖြိုး ” လက်တွေ့ကျသော ပါတီလှုပ်ရှားမှုဖြင့် ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော ” လက်တွေ့ကျသော ပါတီလှုပ်ရှားမှုဖြင့် ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းက ခရိုင်ပါတီရုံးတွင် ကျင်းပပြူလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီမှ ရေးရာကဏ္ဍအလိုက် တာဝန်ခံများ၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ် ၊ ပန်းတနော်မြို့နယ် ၊ ဓနူဖြူ မြို့နယ် တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း (၁၁၀) ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ” လက်တွေ့ ကျသော ပါတီလှုပ်ရှားမှုဖြင့် ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး” အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ (၁၄) ရက်နှင့် (၁၅) ရက် နှစ်ရက် ကျင်းပမည်ဖြစ်သည်ဟု သိရှိရသည်။