သီလရှင်ဆရာကြီးဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း

 

ဗုဒ္ဓမြတ်စွာသာသနာ အရှည် တည်တံ့နိုင်ရေးအတွက် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် ‘သန္တိသုခ ဆွမ်းလောင်းအသင်း’မှ ကြီးမှူး ပြုလုပ်သော(၆)ကြိမ်မြောက် သီလ ရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲတွင် ပဲခူးခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ဦးဝင်းခိုင်နှင့် ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဝင်များက ဆွမ်းဆန်၊ ဆပ်ပြာမှုန့်များ အပါအဝင် အခြား စာရေးတံမဲများအား စေတနာရှင် အလှူရှင်အဖွဲ့ အစည်းအသီးသီးတို့ နှင့်အတူ စုပေါင်းကာ လှူဒါန်း ခြင်းဖြစ်သည်။

တင်စိုး(ပဲခူး)


Leave a Reply