မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာချက် ထုတ်ပြန်ထား
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာ (၅) ရက်နေ့က အသိပေးကြေညာချက် ထုတ်ပြန်ထား ကြောင်း သိရသည်။ အဆိုပါကြေညာချက်တွင်-
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် C of I (မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်း C of I ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ယခုရက်များအတွင်းတွင် သံရုံးသို့ “C of I ထုတ်ပေးခြင်းလုပ်ငန်းများ ရပ်ဆဲတော့မည်ဟု ကြားသိရပါသဖြင့် အဆိုပါသတင်းမှာ မှန်ကန်မှု ရှိ/မရှိ” စုံစမ်းမေးမြန်းမှုများ ရှိလာပါသည်။
သို့ဖြစ်ပါ၍ မြန်မာသံရုံးအနေဖြင့် C of I (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးခြင်း လုပ်ငန်း များကို ရပ်ဆိုင်းခြင်းမရှိဘဲ ရုံးဖွင့်ရက်များတွင် ပုံမှန်အတိုင်း အထောက်အထား ပြည့်စုံသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသား စိစစ်ရန် လိုအပ်ချက်ရှိသူများအား အထက်ဌာနများသို့ စနစ်တကျတင်ပြ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြပါရှိပါသည်။
# Democracytoday