သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ ပါတီစိတ်ကော်မတီများ ပြန်လည်ရွေးချယ်ဖွဲ့စည်း
ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် တိုင်းဒေသကြီး၊ ခရိုင်ပါတီများ၏ လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ယခုနှစ် မေလအတွင်း ရပ်ကွက်ပါတီစိတ်ကော်မတီများ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိရာ မေလ (၁၁) ရက် ညနေ ၅ နာရီမှ ည ၈နာရီထိ သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ရွေးချယ်ပွဲများသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့် တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်မြတ်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များက ရွေးချယ်ပွဲများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ရွေးချယ်ပွဲတွင် (ပ) ခေါင်းဆောင်တစ်ဦး၊ (ဒု) ခေါင်းဆောင်တစ်ဦး၊ ရပ်ကွက်ပါတီကော်မတီဝင် သုံးဦးနှင့် အရန်ကော်မတီဝင် ငါးဦး စုစုပေါင်း (၁ဝ) ဦးတို့ကို ပါတီဝင်များ၏ လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကြည်သိန်း(သင်္ဃန်းကျွန်း)