ရသေ့တောင်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ (၁၂) ရက် နေ့လည် (၁၂) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် ပါတီညီလာခံကျင်းပနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲခြင်း၊ ဆပ်ကော်မတီများဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်များမှလည်း ညီလာခံကိစ္စနှင့် ရွေးချယ်ရေးအတွက် သိလိုသည်များအား မေးမြန်းပြီး လိုအပ်ချက်များအား ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန်းပွင့်


Leave a Reply