မြောင်းမြခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က မြောင်းမြခရိုင်ပါတီရုံးတွင် ပြုလုပ်ရာ မြောင်းမြခရိုင် ပါတီအတွင်းရေးမှူး ဒေါက်တာဌေးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရာ၌ တိုင်း/ခရိုင်/မြို့နယ်ပါတီ ပြင်ဆင်ဖွဲ့စည်းရသည့်ရည်ရွည်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ခရိုင်အတွင်းရေးမှူးမှ မေလ (၆) ရက်နေ့က ကျင်းပခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူးများအား ပါတီဒုတိယဥက္ကဋ္ဌမှ တွေ့ဆုံလမ်းညွှန်ချက်များကို  ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်ပါတီကော်မတီဝင်များမှ မိမိတို့အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

USDP Ayeyarwady Region News

Leave a Reply