ဥတ္တရသီရိမြို့နယ်နှင့်ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ဥတ္တရသီရိမြို့နယ် ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေးမျက်နှာစုံညီအစည်း အဝေးကိုကျင်းပရာ ပြည်ထောင်စုနယ်မြေပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း ရေးမှူးဦးဌေးဝင်းနှင့်ကော်မတီဝင်များ ၊နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ဥတ္တရသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီတွင် လစ်လပ်လျက်ရှိသော မြို့နယ်ကော်မတီဝင် ငါးဦးအား ပြန်လည်ရွေးချယ်၍ ဖြည့်ဆည်း ခဲ့ပြီးအချိန်ပြည့်မြို့နယ်ကော်မတီ ဝင်ကိုးဦး၊အရန်ကော်မတီ ဝင် ကိုးဦး ဖြင့်စုစုပေါင်း ဥတ္တရသီရိ မြို့နယ် ကော်မတီဝင် ၁၈ဦးတို့ကို အတည် ပြုတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၁ နာရီခွဲတွင် ဇေယျာသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး၌ ဇေယျာသီရိမြို့နယ် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးမျက်နှာစုံညီအစည်း အဝေးကိုကျင်းပခဲ့ရာ ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွင် လစ် လပ်လျက်ရှိသော မြို့နယ်ကော် မတီဝင်နှစ်ဦးအစား ဦးတင်ဦးနှင့် ဒေါ်ရွှေတို့ကို မြို့နယ်ကော်မတီဝင် များအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အချိန်ပြည့် မြို့နယ်ကော်မတီဝင် ကိုးဦး၊ အရန်ကော်မတီဝင် ၁၁ ဦး၊ စုစုပေါင်း ဇေယျာသီရိမြို့နယ်အနေ ဖြင့် ကော်မတီဝင် ၂ဝတို့ကို အတည် ပြုတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများ တွင် နိုင်ငံတော်သီချင်းဖြင့် အခမ်း အနားကိုဖွင့်လှစ်ခဲ့ပြီး သဘာပတိ အဖြစ် ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဌေးဝင်း က ဆောင်ရွက်ကာ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ နေပြည် တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားကာ ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့မှ သတ် မှတ်ရွေးချယ်ထားသော မြို့နယ် ပါတီကော်မတီဝင်များ၏ အမည် စာရင်းများကိုကြေညာပြီး အစည်း အဝေးတက်ရောက်လာသူများ၏ ဆန္ဒသဘောထားများကိုရယူ၍ ရွေး ချယ်ဖွဲ့စည်းခဲ့ပြီး မြို့နယ်ကော်မတီ ဝင်များအဖြစ် အတည်ပြုရွေးချယ် ခံရသော ကော်မတီဝင်များက ကတိသစ္စာပြုခဲ့ကြသည်။
ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အဖွဲ့က အသစ်ရွေးချယ်ဖွဲ့စည်းပေးခဲ့သော မြို့နယ်ကော်မတီ ဝင်များ အား ပါတီ၏မူဝါဒ၊ပါတီ၏သဘော ထားများ၊ ပါတီ၏စည်းမျဉ်းစည်းကမ်းများ၊ ရှေ့ဆက်သွားမည့်အခြေ အနေများကို အကျယ်တဝင့် ဆွေး နွေးရှင်းပြခဲ့ပြီး အစည်းအဝေးမှာ မွန်းလွဲ ၂ နာရီတွင် ပြီးဆုံးခဲ့ ကြောင်းသိရသည်။
ပေါ်ဦး(နေပြည်တော်)





 
             
            