သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပပြုလုပ်
 
 
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ဇွန်လ (၁၁) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ဖိတ်ကြားထား သာ ဧည့်သည်များ အပါအ၀င် ရပ်ကွက်ကျေးရွာများမှ ပါတီ (ပ/ဒု) ခေါင်းဆောင်များ စုစုပေါင် (၁၂၀) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပခဲ့သည်။ သဘာပတိက အမှာ စကားပြောကြားခြင်း၊ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးကော်မတီက လုပ်ထုံး လုပ်နည်းများ ဖတ်ကြားခြင်းနှင့် ဆန္ဒမဲများ စနှစ်တကျ ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။ မဲပြားများအားစစ်ဆေးပြီး ပယ်မဲများရွေးချယ်ခြင်း၊ အတည်ပြုမဲများကို ခရိုင်ကော်မရှင်က စနှစ်တကျ ရေတွက်ခြင်းနှင့် မဲတာလီများကို မှတ်သားခြင်းများ ပြုလုပ်ကာ မဲအရေအတွက် အနည်းအများ စဉ်ကာ အသစ်ဖွဲ့စည်းလိုက်သော မြို့နယ်ကော်မတီများအား ကြေညာပေးခဲ့သည်။
ထို့နောက် အသစ်ဖွဲ့စည်းလိုက်သည့် မြို့နယ်ကော်မတီများအား တာဝန် ခန့်အပ်လွှာများ ပေးအပ်၍ သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာခံယူကာ အခမ်းအနားကို နေ့လည် (၂) နာရီအချိန် ကြွေးကြော်သံများဖြင့် ပြီးဆုံးခဲ့သည်။
သီပေါမြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးအောင်အောင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးညီညီထွေး တို့ဖြစ်ပြီး ခရိုင်ပါတီ ကော်မတီဝင်လောင်းအဖြစ် ဦးအုန်းမောင်လေးအား ရွေးချယ်ကာ မြို့နယ်ပါတီ ကော်မတီဝင်အသစ် (၅) ဦး ရွေးချယ်ခဲ့ကြောင်း သတင်း ရရှိသည်။
Wai Mar Hein





 
            