
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။ (more…)






