မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၂) ရက် နံနက် (၁၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၂) ရက် နံနက် (၁၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီ ဘုရားနှစ်ဆူအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှစုပေါင်း၍ အောက်တိုဘာ (၁၀) ရက် နံနက် ၉ နာရီက လုပ်အားဒါန သန့်ရှင်းရေးများ ပြုလုပ်၍ ဝတ္ထုငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂) ရက် နေ့လည် (၁၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဥိးစောမြင့်ဦး မှ ရှေ့လုပ်ငန်းစဉ် (၇) ရပ်ကို ဆွေးနွေးပြောကြား၍ အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကိုမှ လုပ်ငန်းဆောင်ရွက်ရမည့်တာဝန်များ ဖြည့်စွက်မှာကြားခဲ့သည်။


ဖိလစ်ပိုင်နိုင်ငံမှာ သူသမ္မတတာဝန်ယူပြီး ၃ လကနေ ၆ လအတွင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ ပပျောက်အောင် လုပ်မယ်လို့ ကတိပေးထားပေးမယ့် ဒီမူးယစ်ဆေးဝါး ပြဿနာဟာ သိပ်ကို ကြီးမားတဲ့အတွက် အခု သူပေးထားတဲ့ ကတိအတိုင်း လုပ်နိုင်မယ် မထင်ဘူးလို့ ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဖင်လန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများနှင့် မန္တလေးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက် ရန် ‘‘ဖင်လန် နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းလုပ် ကိုင်ခြင်း’’အမည်ရှိ ဆွေးနွေးပွဲကို ယခုလ ၈ ရက်က မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တွင် ပြုလုပ်ခဲ့သည်။

၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစ်ပါတယ်။
၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။
အီးယူအနေဖြင့် တူရကီနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ သွားလာခွင့်ကို အောက် တိုဘာအတွင်း ခွင့်ပြုပေးသင့်ပြီး ထိုသို့မဟုတ်ပါက အီးယူသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူများ ၀င်ရောက်မှုကို တူရကီက တားဆီးပေးရေး သဘောတူညီမှုကို ဘေးဖယ်ထားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ဂျာမနီသတင်းဌာနတစ်ခုအား ပြောကြားသည်။
မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။

တိုကျို ဇူလိုင် ၁ဝ
ဂျပန်နိုင်ငံ၌ အထက်လွှတ်တော်အမတ်များကို ရွေးချယ်နိုင်ရန် ဇူလိုင် ၁ဝ ရက်တွင် ပြည်သူများ မဲပေးလျက် ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။

ပေကျင်း၊ ဇူလိုင် ၎
စက်တင်ဘာတွင် စတင်အသုံးပြုမည်ဖြစ်သည့် ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်အား တရုတ်နိုင်ငံက အပြီးသတ် တပ်ဆင်ပြီးစီးကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။
အကျယ် မီတာ ၅၀၀ ရှိသော Aperture Spherical Telescope သို့မဟုတ် FAST တယ်လီစကုပ်၏ အရွယ်မှာ ဘောလုံးကွင်း ၃၀ စာမျှ ရှိသည်။