

အောက်တိုဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များ ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာရှိ အောင်ပွဲ သီရိကျောင်းတိုက်တွင် ခင်းကျင်း လှူဒါန်းခဲ့သည်။ အခမ်းအနားတွင် အောင်ပွဲ သီရိကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုန္ဒရက သီလပေး တရားတော်နှင့်ကထိန်အနုမောဒနာ တရားတ်ာများ ဟောကြားချီးမြှင့်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူးပြုသော ပုရိမဝါမှထ မြောက်တော်မူကြသည့်သံဃာတော် ၂၅ ပါးတို့ကို ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်တိုင်ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့သည်။







