
ဇူလိုင် ၈၊ တောင်ကြီး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၈.၇.၂၀၂၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပြည်နယ်ပါတီအစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိမြို့နယ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းခိုင်မှ ပါတီရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပါတီရုံးသို့ သွားရောက်ကာ ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ၊ နိုင်ငံတွင်းလတ်တလောဖြစ်ပေါ်နေသော အခြေအနေများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား တွေဆုံဆွေးနွေးခဲ့ပါသည်။






