
မြန်မာ-ထိုင်းနဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုနဲ့ ယွမ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုတွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အစည်းအဝေးကို ဇွန် ၂၆ ရက်က နေပြည်တော်မှာ သက်ဆိုင်ရာဌာနတွေ၊ ပြည်တွင်း ဘဏ်တွေ၊ ထိုင်းနဲ့ တရုတ်ဘဏ်တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။











