
တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၁၃၀ ကို ဇူလိုင် ၅ ရက်တွင် ထပ်မံစေလွှတ်ခဲ့ရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရား၀င်အလုပ်သမားများအား ပြန်လည် လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၅ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၀ တို့သည် ရန်ကုန်မှအင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။










