
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖြေရှင်းပေးရန် ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံက တောင်းဆိုသည်။


